ချစ်ရေ…တစ်သက်လုံးချစ်မှာလား
ချမ်းငြိမ်း (ဟံသာဝတီ)
Review by …..
”ချစ်ရေ”……
ကျတော်ဟာလူကြီးစာဖတ်ပရိတ်သတ်များသာမကလူငယ်စာဖတ်ပရိတ်သတ်များအတွက်ပါစာအုပ်များရေးသားလာခဲ့တာဆယ့်တစ်အုပ်ရှိပြီးဖြစ်ပါတယ်။ကျတော့်စိတ်ထဲဆယ့်နှစ်အုပ်မြောက်အဖြစ်ယနေ့ခတ်လူငယ်ချစ်သူစုံတွဲများ၊အိမ်ထောင်ရှင်မောင်နှံများ၊”အချစ်”ဆိုသောအရာကိုတန်ဖိုးထားသောလူငယ်များအတွက်စာအုပ်တစ်အုပ်ရေးချင်နေမိပါတယ်။
လောကလူသားတွေဖြေရှင်းလို့မရသေးတဲ့ပုဒ်စာတွေထဲမှာ
”အချစ်”ဆိုတဲ့အရာဟာထိပ်ဆုံးမှာရှိနေပါတယ်။
အချစ်ဟာစွမ်းအားအပြင်းဆုံးခံစားချက်ဖြစ်လို့
အချစ်အတွက်ကြောင့်ဓားတောင်ကိုကျော်ရဲကြတယ်။
အချစ်အတွက်မီးပင်လယ်ကိုဖြတ်ကူးရဲကြပြန်တယ်။
အချစ်အတွက် ရိုမီယိုနဲ့ဂျူလီယက်လိုသေပွဲဝင်ရဲကြပြီး
အချစ်အတွက်နဲ့တိုက်ပွဲဝင်ရဲကြသလို
အချစ်အတွက်နဲ့မသတီစရာကောင်းလောက်အောင်သစ္စာဖောက်ရဲကြတယ်။
အချစ်ဆိုဟာကုန်ခမ်းသွားတတ်တဲ့သဘောလည်းရှိတတ်တယ်။
တချို့အချစ်တွေဟာရာသက်ပန်၊ရိုးမြေကျတသွင်တည်းရှိပေမဲ့တချို့အတွက်ကျတော့အချစ်ဟာကာလကြာရင်နွမ်းခြောက်သွားတဲ့ပန်းနှင့်မခြားတဲ့သဘောသဘာဝရှိတယ်။
အဲဒီတော့…..ချစ်တတ်ကြပြီး၊ချစ်နေကြပြီးဆိုရင်သက်ဆုံးအထိချစ်မယ်ရွယ်စူးလား၊ဘဝနောက်တစ်ကွေ့နောက်တစ်လှည့်မှာနောက်အချစ်ကိုတွေ့မလားဆိုပြီးစိတ်ကစားတတ်တဲ့နှလုံးသားတွေရှိတတ်ကြပြန်တယ်။
အိန္ဒိယစာရေးဆရာဖရန်ပီဘာလာရေးသားထားတဲ့A Happy
Married Life ကိုဘာသာပြန်ဆိုထားပြီး”ချစ်ရေ…တစ်သက်လုံးချစ်မှာလား”လို့ဘာသာပြန်ဆိုသူကျတော်ကနာမည်ပေးထားပါတယ်။ဒီစာအုပ်ကတော့..တစ်ယောက်ဆိုတစ်ယောက်ကို တစ်သက်လုံး..ချစ်ရေ…ဒါမှမဟုတ်..အချစ်လို့ခေါ်မယ်လို့ရွယ်စူးသူတွေအတွက်ပါ။
ယခုစာအုပ်လေးအားယနေ့ခတ်လူငယ်စုံတွဲချစ်သူတိုင်း၊
အိမ်ထောင်ရှင်တိုင်းထိုထပ်ပို၍”အချစ်”ကိုတန်ဖိုးထားသောလူငယ်တိုင်းဖတ်သင့်သောစာအုပ်လို့ဆိုချင်မိပါတယ်။
ဖတ်ရှုပြီး”အချစ်”အမြင်ထူးနိုင်ကြပါစေ…
ချမ်းငြိမ်း(ဟံသာဝတီ)
စာအုပ်လေးကို ကြိုက်နှစ်သက်လို့ ဝယ်ယူချင်ပါက…
TRUSTY နဲ့ရှင်းလို့ရတယ် Ko Latt Book Shop မှာဝယ်ယူလိုက်ပါ…
(Ko Latt Book Shop)
အမှတ် ၂၂၀ ၊ မြေညီ ၊ ၃၁ လမ်း အထက်ဘလောက် ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ 018390421,
09265020068 , 09965020068 , 09885020068