နှလုံးသားနက်နက်မှာပွင့်တဲ့ပန်း
Review by …..
၂၀၂၃ ခုနှစ်အတွက် စာရိပ်မြိုင်ရဲ့ ပထမဆုံး ခြေလှမ်းကတော့ ပန်းကလေးတွေနဲ့ ပတ်သက်တဲ့ စာအုပ်လေးတစ်အုပ်နဲ့ အစပြုပါတယ် ..
ပထမအကြိမ်ထုတ် အသစ်တော့ မဟုတ်ပေမယ့် စာရိပ်မြိုင်ကပြန်ထုတ်တဲ့ ဒီစာအုပ်လေးကိုဝောာ့ ဆရာမကိုယ်တိုင် ပြင်ဆင်တည်းဖြတ်ပြီး ပန်းနဲ့သိပ်မဆိုင်တဲ့ စာတချို့ကို ဖြုတ်ထားခဲ့ကာ အသစ်စာပုဒ်တချို့ကို ထပ်မံဖြည့်စွက်ထားပါတယ် ..
” သိပ်အံမ၀င်တဲ့ စာမူတချို့ကို ဖြုတ်ပြီး နောက်ထပ်စာမူအသစ်တချို့ကို ထပ်ဖြည့်လိုက်ဝောာ့ စာအုပ်ဟာ ပန်းရနံ့တွေ ပိုသင်းထုံသွားသလိုပါပဲ ..
ပန်းရံနံ့လေးတွေက ဖတ်သူရဲ့ မျက်လုံးကနေတစ်ဆင့် ရင်ထဲစိမ့်၀င်ပြီး နှလုံးသားကို ပိုနူးညံ့သွားစေမယ် ထင်ပါတယ် ..
ပန်းသဘောသဘာ၀ကို လူ့အကျင့်စရိုက်နဲ့နှိုင်းယှဉ်ပြီး ပေါက်ရောက်ရာအရပ်မှာ အစွမ်းကုန် ရှင်သန်ဖူးပွင့်ရဲတဲ့ပန်းတွေအကြောင်း ဖတ်မိရင်ဖြင့် ခွန်အားတချို့ရရှိမယ်လို့ မျှော်လင့်ပါတယ် .. အနည်းဆုံးတော့ ပန်းတွေကို ပိုတန်ဖိုးထား ပိုမြတ်နိုးသွားမယ်လို့ ယုံကြည်ပါတယ် “
လို့ ဆရာမက အမှာစာမှာ ဆိုထားပါတယ် ..
ပန်းကလေးတွေကို ချစ်မြတ်နိုးသူတွေဆိုရင် ဒီစာအုပ်လေးကို ဖတ်ပြီး ပန်းကလေးတွေအကြောင်း ပိုသိသွားလို့ ပန်းကလေးနဲ့ လူသားတွေအကြား Connection တစ်ခု ပိုရှိသွားလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ် ..
ဒီစာအုပ်လေးကို Woodfree 70 g ( စာရွက်အဖြူ အထူ အချောသား ) နဲ့ရိုက်နှိပ်ထားတာဖြစ်လို့ ဖတ်ရဝာာ ထူထူထဲထဲနဲ့ လေးလေးပင်ပင်တော့ ဖြစ်နေမှာပါ .
စာအုပ်လေးကို ကြိုက်နှစ်သက်လို့ ဝယ်ယူချင်ပါက…
TRUSTY နဲ့ရှင်းလို့ရတယ် Ko Latt Book Shop မှာဝယ်ယူလိုက်ပါ…
(Ko Latt Book Shop)
အမှတ် ၂၂၀ ၊ မြေညီ ၊ ၃၁ လမ်း အထက်ဘလောက် ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ 018390421,
09265020068 , 09965020068 , 09885020068