မျှော်လင်းခြင်း(သို့မဟုတ်) မင်း
သက်ထားခင်း (THK)
Review by …..
လူတွေဟာတစ်ယောက်နဲ့ တစ်ယောက်
ချစ်ခင်စုံမက်ကြရင်
တစ်ယောက်ရဲ့ မျှော်လင့်ခြင်းကို
တစ်ယောက်ဆီမှာ ပုံအပ်ရင်း ရှင်သန်ကြသတဲ့ ..
ဒီလိုနဲ့ အဲဒီလူနှစ်ယောက်မှာ
တစ်ယောက်ယောက်က ယုံကြည်ခြင်းစည်းကို
ဖောက်ဖျက်သွားတဲ့အခါ
ကျန်တဲ့ တစ်ယောက်ရဲ့ မျှော်လင့်ခြင်းဟာ
အလိုလိုပျက်စီးသွားတော့တာပဲ ..
အဲဒီ မျှော်လင့်ခြင်း အကျိုးအပဲ့တွေကို
ဆုပ်ကိုင်းရင်း လမ်းခုလတ်မှာ လမ်းပျောက်နေတဲ့သူတွေ ၊ လမ်းတဝက်မှာ ကျန်နေခဲ့ရတဲ့သူတွေ ..
မျှော်လင့်ခြင်းကို ချစ်ရသူအပေါ်မှာ တည်ဆောက်ထားပြီး ကိုယ့်ချစ်ခြင်းမေတ္တာနဲ့ကိုယ်
ရင်ကွဲနေရတဲ့သူတွေ ၊
နောက် .. နေ့ရက်တွေတိုင်းမှာ ကိုယ့်စိတ်နဲ့ကိုယ်
ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာတွေ ပေးနေတဲ့သူတွေ အတွက် ဒီစာအုပ်ကို ရေးခဲ့တာပါ ။
အဟာရပြတ်လတ်သွားတဲ့ပန်းကလေးကို
ပြန်လည်ရှင်သန်စေဖို့ အရင်ဆုံး
မကောင်းတဲ့ အစိတ်အပိုင်းလေးကို ဖြတ်ထုတ်စေချင်ပါတယ် ..
ပြီးတော့
ရေလောင်းပေါင်းသင်ရင်း
အဲဒီ ပန်းကလေး အရင်ကလို
လန်းလန်းဆန်းဆန်းနဲ့
အဖူးအပွင့်တွေ ဝေဆာလာတာမျိုး မြင်ချင်ပါတယ် ..
တကယ်တော့
ရှင်သန်ရခြင်းမျှော်လင့်ချက်ဟာ ..
” မင်း ” ကိုယ်တိုင်ပါပဲ ။
#သက်ထားခင်(THK)
#မျှော်လင့်ခြင်း(သို့မဟုတ်)မင်း
စာအုပ်လေးကို ကြိုက်နှစ်သက်လို့ ဝယ်ယူချင်ပါက…
TRUSTY နဲ့ရှင်းလို့ရတယ် Ko Latt Book Shop မှာဝယ်ယူလိုက်ပါ…
(Ko Latt Book Shop)
အမှတ် ၂၂၀ ၊ မြေညီ ၊ ၃၁ လမ်း အထက်ဘလောက် ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ 018390421,
09265020068 , 09965020068 , 09885020068