![](https://www.trustyecommerce.com/wp-content/uploads/2023/02/business-executive-quarterly-planning-system-2-768x544.jpg)
Business Executive quarterly planning system
နိုင်ဝင်းအောင် (CEO Coach)
Review by …..
နှစ်သစ် ၂၀၂၃ ကို အကျိုးရှိရှိ ဖြစ်သန်းချင်သူတွေအတွက် စာအုပ်လေးတအုပ် ညွှန်းပေးချင်ပါတယ်။
စာအုပ်နာမည်လေးက Business Executive Quarterly Planning System (QPS) လို့ ခေါ်ပါတယ်။ အဲဒီ QPS စာအုပ်လေးနဲ့ဆိုရင် ကိုယ့်ရဲ့အချိန်ကို လအလိုက်၊ ရက်သတ္တပတ်အလိုက်၊ နေ့အလိုက် အစီအစဥ်ဆွဲပြီး ထိထိရောက်ရောက် အသုံးချပြီး ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။
စာအုပ်ရဲ့အစမှာ Give & Take (အပေးအယူ) ဆိုတဲ့ ခေါင်းစဥ်နဲ့ ဘ၀တစ်သက်တာတွင် အလိုချင်ဆုံးအရာ ၁၀ ခုနဲ့ အလိုချင်ဆုံးအရာတွေအတွက် စွန့်လွှတ်မယ့်အရာ ၁၀ ခု ရေးခိုင်းထားပါတယ်။ အဲဒါလေးကို ချရေးလိုက်ရင် ကိုယ့်ဘ၀မှာ ဘာလိုချင်တယ်၊ ဘာတွေစွန့်လွှတ်မယ်ဆိုတာ တော်တော်လေး ရှင်းသွားစေမှာ ဖြစ်ပါတယ်။
နောက်စာမျက်နှာမှာတော့ One Page Strategic Plan တစ်မျက်နှာစာ မဟာဗျူဟာမြောက် အစီအစဥ် သတ်မှတ်ဖို့ ရေးသားထားပါတယ်။ အဲဒီစာမျက်နှာမှာ ၁ နှစ်အတွက် ပန်းတိုင်သတ်မှတ်ဖို့လည်း ပါ၀င်တော့ ၂၀၂၃ အတွက် မဟာဗျူဟာမြောက် အစီအစဥ်ဆွဲဖို့ တော်တော်လေးအသုံး၀င်ပါတယ်။
QPS စာအုပ်လေးထဲမှာ ကိုယ့်ရဲ့ဘ၀အခြေအနေကို လေ့လာဆန်းစစ်ခြင်းဆိုပြီး Life Conditions Assessment လေး လုပ်နိုင်မယ့်ဇယားလည်း ပါ၀င်ပါတယ်။ အဲဒီခေါင်းစဥ်အောက်မှာ သင့်ဘ၀အတွက် အရေးကြီးသော နယ်ပယ်များ (Key Areas of Your Life) ခေါင်းစဥ်နဲ့ ကျန်းမာကြံ့ခိုင်မှု၊ ခံစားမှုနဲ့ အဓိပ္ပါယ်ရှိမှု၊ အချစ်ရေးနှင့် မိသားစု၊ မိတ်ဆွေ သူငယ်ချင်းများ၊ လေ့လာသင်ယူမှု၊ ၀င်ငွေ၊ စုဆောင်းငွေနှင့် ပိုင်ဆိုင်မှု၊ အချိန်နှင့် လွတ်လပ်မှု၊ ဘာသာရေးနှင့် ကူညီထောက်ပံ့မှု/ အလှူအတန်းဆိုပြီး ပါ၀င်ပါတယ်။
ဒါ့အပြင် ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာဆန်းစစ်ခြင်း၊ လုပ်ငန်းအခြေအနေကို လေ့လာဆန်းစစ်ခြင်း၊ သင့်လုပ်ငန်းစွမ်းဆောင်မှုကို သုံးသပ်လေ့လာခြင်း၊ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသော အပြုအမူများကို လေ့လာဆန်းစစ်ခြင်း၊ ဘ၀ဟန်ချက်ညီမှုအတွက် အစီအစဥ်ဆွဲခြင်း စတာတွေလည်း ပါ၀င်တယ်။
QPS စာအုပ်ထဲမှာ တစ်နှစ်စာအစီအစဥ်ဆွဲခြင်းအနေနဲ့ အကြီးမားဆုံးပန်းတိုင်ကို အာရုံစိုက်နိုင်အောင် ထည့်သွင်းထားပါတယ်။ ပြီးတော့ အထက်ပါပန်းတိုင်ကို လိုချင်ရသည့် အကြောင်းအရင်းများကိုလည်း ဖော်ထုတ်ဖို့ ဇယားကွက်တွေ ထည့်ထားပါတယ်။ အဲဒါကို အကောင်အထည်ဖော်ဖို့အတွက် မဟာဗျူဟာများ၊ အဲဒီမဟာဗျူဟာတွေအတွက် နည်းဗျူဟာများ၊ အသေးစိတ် လုပ်ဆောင်ချက်များနဲ့ ရက်စွဲ/ အချိန် စသဖြင့် အသေးစိတ်ပါ၀င်ပါတယ်။
တစ်လစာ အစီအစဥ်ချခြင်းအနေနဲ့ ယခင်လကို ပြန်သုံးသပ်ပြီး အောင်မြင်မှုများနဲ့ တိုးတက်ရန်လိုသောအချက်များကို ဖြည့်ဖို့ပါ၀င်ပါတယ်။ ယခုလအတွက် အစီအစဥ်များအနေနဲ့ ရက်စွဲအလိုက် လုပ်ဆောင်မည့်အစီအစဥ်များ၊ ပန်းတိုင်များ၊ လုပ်ဆောင်မယ့်ရည်ရွယ်ချက်များ ဆိုပြီး ပါ၀င်ပါတယ်။
Daily Planning တစ်ရက်စာ အစီအစဥ်ရေးဆွဲခြင်းခေါင်းစဥ်နဲ့ ဇယားထဲမှာ သင့်ဘ၀မှာ သင် ကျေးဇူးတင်သည့်အရာ ၃ ခု၊ အဓိကအလုပ်များ၊ အပိုဆောင်းအလုပ်များဆိုပြီး ဇယားကွက်တွေ ဖြည့်ဖို့ပါပါတယ်။
အချိန်ဇယားအနေနဲ့လည်း မနက် ၄ နာရီကနေ မနက် ၉ နာရီအထိ နာရီ၀က်စီ ဖြည့်ဖို့ လုပ်ပေးထားသလို မနက် ၉ နာရီကနေ ည ၉ နာရီအထိကိုလည်း ၁၅ မိနစ်စီ ဇယားကွက်လေးတွေ လုပ်ပေးထားပါတယ်။ ဒါကြောင့် တရက်တာအချိန်ကို အထိရောက်ဆုံး အသုံးချဖို့ တော်တော်လေးအဆင်ပြေပါတယ်။
နောက်ပိုင်းမှာလည်း အချိန်စီမံခန့်ခွဲမှုအတွက် အကြံပြုချက်များနဲ့ ဘ၀တိုးတက်ပြောင်းလဲမှုဆိုင်ရာ အကြံပြုချက်များလည်း ထည့်ပေးတာတော့ စဥ်းစားစရာ တွေးစရာ လက်တွေ့အသုံးချစရာတွေ အပြည့်နဲ့ပါပဲ။
လုပ်ငန်းအတွက်ဖြစ်စေ၊ ဘ၀အတွက်ဖြစ်စေ တနှစ်တာရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက် တပတ်ချင်း၊ တရက်ချင်းကစပြီး လုပ်သင့်တာလေးတွေ အကုန်လုပ်နိုင်ဖို့ သေချာပြင်ဆင်ပေးထားသလို ခံစားရတဲ့အတွက် တိုးတက်အောင်မြင်လိုပြီး အချိန်ကို ထိထိရောက်ရောက် အသုံးချလိုတဲ့ လုပ်ငန်းရှင်တိုင်း၊ လူတိုင်းအတွက် QPS စာအုပ်က တော်တော်လေးအထောက်အကူဖြစ်စေမယ်လို့ ယုံကြည်မိပါတယ်။
စာအုပ်လေးကို ကြိုက်နှစ်သက်လို့ ဝယ်ယူချင်ပါက…
TRUSTY နဲ့ရှင်းလို့ရတယ် Ko Latt Book Shop မှာဝယ်ယူလိုက်ပါ…
(Ko Latt Book Shop)
အမှတ် ၂၂၀ ၊ မြေညီ ၊ ၃၁ လမ်း အထက်ဘလောက် ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ 018390421,
09265020068 , 09965020068 , 09885020068